Online AutoCAD & 3ds Max Training School မှ ကြိုဆိုပါတယ်။
နိုင်ငံတကာမှာ AutoCAD နဲ့ 3ds Max ပညာဟာ အသက်မွေးဝမ်းကြောင်း ပညာရပ်တစ်ခု အဖြစ် ရေပန်း စားလာတာနဲ့အညီ အခု ဆိုရင် မြန်မာလူမျိုးတွေဟာလဲ AutoCAD နဲ့ 3ds Max ပညာတွေကို ပြည်တွင်းမှာရော ပြည်ပမှာပါ ဆည်းပူး လေ့လာနေကြပြီးတော့ လုပ်ငန်းခွင် အသီးသီးမှာ ပညာရှင်တွေအဖြစ် လုပ်ငန်း တာဝန်တွေ ထမ်းဆောင်နေကြပါပြီ။
ခေတ်ရဲ့လိုအပ်ချက်အရ AutoCAD ပညာရပ်နဲ့ 3ds Max ပညာရပ်တွေကို အင်တာနက် ကွန်နက်ရှင်ကောင်းတဲ့ နေရာဒေသ နိုင်ငံမရွေးမှာ ရှိနေတဲ့ မြန်မာလူမျိုးတွေ သင်တန်းကြေး ချိုသာစွာနဲ့ လေ့လာ သင်ကြားနိုင်ဖို့ ရန်ကုန်မြို့၊ Workgroup AutoCAD & 3ds Max သင်တန်းကျောင်းကြီးက မြန်မာပြည်ရဲ့ ပထမဦးဆုံး Online AutoCAD & 3ds Max Training School ကို စတင် ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။ Workgroup အနေနဲ့ ဒီ Course တွေကိုလည်း မူပိုင်ခွင့် တင်သွားပြီ ဖြစ်ပါတယ်။ Online AutoCAD & 3ds Max Training School နဲ့ ပတ်သက်ပြီး အသေးစိတ် သိလိုတာများ ရှိရင်တော့ အမေးအဖြေ နေရာလေးက လူကြီးမင်းကို အသေးစိတ် ကူညီနိုင်မယ်လို့ မျှော်လင့်ပါတယ်။
သင်တန်းအပ်ချင်ရင်တော့ info@workgrouponline.net သို့မဟုတ် အခန်း ၄၀၃၊ စတုထ္ထထပ်၊ Excel Tower Apartment၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့သို့ ဆက်သွယ်ပြီးလည်းကောင်း ဖုန်း ၀၁ ၅၅၉၃၇၇ လိုင်းခွဲ ၆၄၀၃ သို့မဟုတ် ၆၄၁၃ ကို ဆက်သွယ်ပြီး လည်းကောင်း သင်တန်းကြေးကို ဘဏ်ကနေ လွဲငွေအဖြစ် လည်းကောင်း ပေးသွင်းပြီး သင်တန်း အပ်နှံနိုင်ပါတယ်။
//
Labels:
Post Background,
Testing
// //
ပဒုမ္မာ အင်္ဂလိပ်-မြန်မာ အဘိဓာန်
အင်္ဂလိပ်စာနှင့်မကင်းနိုင်သော ပုဂ္ဂိုလ်များအတွက် Mouse-over အဘိဓာန်တစ်ခု ထွက်ရရှိလာပါတယ်။ ဘေဘီလုံဆော့ဖ်ဝဲလ်ပေါ်အခြေခံထားပြီး language package bglကိုတော့ မြန်မာစာ အဖွဲ့မှထုတ်ဝေသော အင်္ဂလိပ်-မြန်မာအဘိဓာန်ကိုအခြေခံ ထားပါတယ်။ ဖောင့်ကိုတော့ ဇော်ဂျီ ယူနီကုတ်ကို အသုံးပြုထားပါတယ်။ ယခု အဘိဓာန်ကို ပဒုမ္ပာဖိုရမ် မှ MonsterOfRock ရေးသားတာဖြစ်ပြီး အခမဲ့ဖြန့်ဝေတာ ဖြစ်ပါတယ်။
အောက်ပါအတိုင်း အဆင့်ဆင့်လုပ်ဆောင်ပါခင်ဗျာ..
၁။ babylon - 6 ဆော့ဖ်ဝဲလ်ကို ဒီမှာ ဒေါင်းလုပ်ရယူပါ။ language package bgl ကိုတော့ ဒီမှာ ဒေါင်းလုပ်ရယူပါ။ တပ်ဆင်ပုံမှာ ပထမဦးစွာ ဘေဘီလုံ ဆော့ဖ်ဝဲလ်ကို အရင်ဒေါင်းလုပ်ပြုလုပ်ပါ။
၁။ babylon - 6 ဆော့ဖ်ဝဲလ်ကို ဒီမှာ ဒေါင်းလုပ်ရယူပါ။ language package bgl ကိုတော့ ဒီမှာ ဒေါင်းလုပ်ရယူပါ။ တပ်ဆင်ပုံမှာ ပထမဦးစွာ ဘေဘီလုံ ဆော့ဖ်ဝဲလ်ကို အရင်ဒေါင်းလုပ်ပြုလုပ်ပါ။
၂။ Babylon6_setup.exe ကို run ၍ install ပြုလုပ်ပါ။
၃။ installation ပြီးသောအခါ task bar ညာဘက် အောက်ချေရှိ system tray ထဲမှ babylon ကို right-click လုပ်၍ exit လုပ်ပါ။ patch ကို run ရန်အတွက် babylon ကိုအရင်ပိတ်ဖို့လိုအပ်လို့ဖြစ်ပါတယ်။
၎။ အဲဒီနောက် ပထမ ဒေါင်းလုပ်ဆွဲထားသော Rar ဖိုင်ထဲမှ babylon.6.0.3.4.pro-patch.exe ကို babylon installation folder ထဲသို့ကူးထည့်ပါ။
၅။ ၄င်းနောက် အဲဒီ patch.exe ကို run လိုက်ပါ။ ၄င်းအဆင့်များပြီးဆုံးပါက language package bgl ဖိုင်ကို double click လုပ်၍ install လုပ်ပါ။
အသုံးပြုပုံ
အသုံးပြုပုံမှာ web browser တွင်ဖြစ်စေ၊ notepad၊ wordpad ၊ documents ဖိုင်များတွင်ဖြစ်စေ၊ Gtalk တွင်ဖြစ်စေ ကိုသိချင်သောစကားလုံးပေါ်တွင် Mouse တင်(point လုပ်) ပါ၊ ၄င်းနောက် Ctrl key ကိုဖိထား၍ Right-Click နှိပ်ချင်းဖြင့် အဓိပ္ပာယ်များကိုရှာဖွေလို့ရပါတယ်။ တစ်ချို့ သောစကားလုံးများ အတွက် မြန်မာပြန် မပါဝင်သော်လည်း တော်တော်လေးပြည့်စုံတဲ့အဘိဓာန်ဖြစ်ပါတယ်။ အင်တာနက် ကော်နက်ရှင်ရှိပါက အွန်လိုင်း အဘိဓာန်များဖြစ်သော ၀ီကီအဘိဓာန်မှ သော်လည်းကောင်း၊ အောက်စဖို့ဒ် အဘိဓာန်မှသော်လည်းကောင်း၊ ၄င်းတို့ထဲရှိ အဓိပ္ပာယ်များကိုလည်းတစ်လက်စတည်း babylon ကရှာပေး၍ဖော်ပြပေးပါတယ်။
document အားလုံးတွင်အသုံးပြုရာ၊ အဆင်ပြေသော်လည်း PDF ဖိုင်များတွင်မူ သုံးရတာ သိပ်အဆင်မပြေ သေးပါ။
ဝန်ခံချက်။ ဤပို့စ်ကို ဒီနေရာကနေ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။ တစ်နေရာ ကနေ တစ်နေရာကို မသွားလိုသူများအတွက် တစ်နေရာတည်းနဲ့ အဆင်ပြေစေရန် ရည်ရွယ် ပါသည်။ အကယ်၍ သွားလည်ချင်ရင်လည်း သွားကြည့်နိုင်ပါသည်။
//
Labels:
အင်္ဂလိပ်ဘာသာ
// //
About This Blog
အတုမရှိသော ဗုဒ္ဓမြတ်စွာ
Blog Archive
သွားလည်ဖြစ်တဲ့ အိမ်လေးတွေ
Followers
About Me
- .
- အိုင်တီပညာရှင်တစ်ဦးမဟုတ်ပါ။ အိုင်တီရပ်ဝန်းအတွင်း ခရီးသွား နေသော အိုင်တီခရီးသည်သာဖြစ်ပါသည်။ ကျွန်တော်၏ ဘလော့သည်လည်း ခရီးသွားရင်း ရှာဖွေ လေ့လာခဲ့သမျှကို ပြန်လည်မျှဝေပေးနေခြင်းဖြစ်သည့်အတွက် အားနည်းချို့ယွင်းချက်များရှိပါက နားလည်ခွင့်လွှတ်ပေးကြပါရန်.........
သူတို့တွေ လာလည်ကြတယ်
ရောက်ကြောင်းလေးရေးခဲ့နော်..
ကြည်ညိုစရာ မြတ်ဗုဒ္ဓ
Visitor counters
Labels
- Computer (3)
- game (4)
- mp3 (3)
- photo (5)
- Post Background (1)
- Testing (1)
- အင်္ဂလိပ်ဘာသာ (1)
- အားကစား (1)
Current User
User Online